သံဖြူဇရပ်မြို့နယ်၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် ခြိုးခြံချွေတာသုံးစွဲစေရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးပြုလုပ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ခြိုးခြံချွေတာသုံးစွဲစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၅ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။