အင်းမမြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်​နိုင်ရန်ရည်ရွယ်၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့ ၊ ပျားစည်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍  ဦးစီးအရာရှိ ဦးသိန်းလွင်နှင့်ဝန်ထမ်းများက သစ်တောများထိန်းသိမ်းခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းရည်ရွယ်ချက်များအကြောင်း၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းစေသည့်အကြောင်းအရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားစေနိုင်သောဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့များကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန်ရှောင်ရှားရမည့်အချက်များ၊ Fire Hotspot များ၏အကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာသည့်အချက်များ၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်တော/သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာနိုင်​သောအချက်များကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရသည်။

ကိုကျော် (သဲကုန်း)