ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပြည်ကြီးတံခွန်  မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် တံခွန်တိုင်ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း(၄)တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ စက်မှုတိုင်း(၄)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းနှင့်၀န်ထမ်းများ ပူးပေါင်းကာ စက်မှုတိုင်း(၄) ရုံးဝင်းအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report application အား ထည့်သွင်းပေးခြင်း၊ ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေးမှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)