သံဖြူဇရပ် မတ် ၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ခြိုးခြံချွေတာသုံးစွဲစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၅ ရက် နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သံဖြူဇရပ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက်၊ ဌာနပိုင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များအား သတ်မှတ်ထားသည့်ညွှန်ကြားချက်များနှင့်အညီ စီးနင်းကြရန်၊ စက်သုံးဆီများအား ဂါလန်ပုံးများနှင့် ကြိုတင်ဝယ်ယူစုဆောင်းထားခြင်းများ မပြုလုပ်ရန်၊ စက်သုံးဆီသုံးစွဲသည့် မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များအား အသုံးပြုရန်ညွှန်ကြားထားသည့်အတိုင်း တာဝန်ရှိသူအသီးသီးမှ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်ဆင့်အသိပေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ကြရန် ပြောကြားပြီး၊ တက်ရောက်လာသူများက လည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)