ဘီးလင်း မတ် ၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စက်သုံးဆီရောင်းချလျက်ရှိသော ဆီဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၄ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီ အသုံးပြုသူများဆီပြတ်တောက်မှုမရှိအောင် စနစ်တကျ ရောင်းချပေးရေးနှင့် သတ်မှတ်အချိန်အတိုင်း ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး ခြင်းကို မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းတင်နှင့် ကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွာရောက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများအားထပ်ဆင့် မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)