ကြံခင်းမြို့နယ် မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့မှ ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုးမူကြိုကျောင်းတွင် အဟာရဒါနကျွေးမွေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်းတွင် မတ် ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏပြိုင်ပွဲများနှင့် အဟာရဒါနကျွေးမွေး လှူဒါန်းကြသည်။