မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒဆရာတော်ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းအသစ်ဆောက်လုပ်ပြီးစီးသေ ဗုဒ္ဓဇယန္တီဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓဇယန္တီဗိမာန်တော်ရှေ့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြသည်။