ပျော်ဘွယ် မတ် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များ၊ စာပေဝါသနာရှင်လူငယ်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို မတ် ၆ ရက် နံနက် ၁၁ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက ဒို့ကျေးရွာဂျာနယ် အတွဲ(၂၃)၊ အမှတ်(၄)တွင်ပါရှိသော ဘဝကိုဖျက်ဆီးနိုင်သည့် အွန်လိုင်းစလော့ဂိမ်းလောင်းကစား ဆောင်းပါးကိုဖတ်ရှုပြီးနောက် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက အွန်လိုင်းလောင်းကစားမှုသည် စွဲလမ်းမှုကိုဖြစ်ပေါ်စေသည့်အပြင် ကျန်းမာရေးကိုများစွာ ထိခိုက်လာစေကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင်လည်း အွန်လိုင်းလောင်းကစားခြင်းကို လူငယ်များသာမက လူကြီးများလည်းပါဝင်နေသည်ကို သတိပြုမိပါကြောင်း၊ လောင်းကစားခြင်းသည် မိမိတို့ရှာဖွေထားသမျှ စီးပွားများကိုလည်း ထိခိုက်ဆုံးရှုံးမှုများရှိပါကြောင်း၊ ဆိုးကျိုးများစွာပေးသော လောင်းကစားမျိုးစုံကို အစ မပြုရန်လိုအပ်ကြောင်းတို့အား ဝိုင်းဝန်းဆွေးနွေးသည်။
မင်းမင်းထွေး(ပျော်ဘွယ်)