အင်္ဂပူမြို့တွင် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ" မြေစိုက်ပိုစတာစိုက်ထူပွဲပြုလုပ်

အင်္ဂပူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ ကံ့ကော်လမ်းနှင့် ငဝန်ဧရာလမ်းဆုံတွင် မတ် ၅ ရက်နေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင်ကျ ရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ" မြေစိုက်ပိုစတာစိုက်ထူပွဲပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ" မြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများပက်ဖြန်းခဲ့သည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် "ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ" လက်ကမ်းစာစောင်နှင့် စားသုံးသူဆိုင်ရာ အသိပညာပေးလက်စာ‌စောင်များကို လမ်းသွား၊ လမ်းလာများ၊ ခရီးသွားပြည်သူများကို ဖြန့်ဝေ‌ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့မဈေးသို့သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား စားသုံးသူဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်ဝေပေးခဲ့သည်။

အဆိုပါ ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ" မြေပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)