ဖြူးမြို့တွင် မီးရထားလမ်းဘေးဝဲယာအနီးနှင့် ရပ်ကွက်နေပြည်သူများအား ရထားလမ်းကူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး

ဖြူး မတ် ၅

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  မီးရထားလမ်းဘေးဝဲယာအနီးနှင့် ရပ်ကွက်နေပြည်သူများအား ရထားလမ်းကူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းကို မတ်လ (၄) ရက်နေ့၊ ညနေ(၄)နာရီအချိန်က အုတ်ဖြတ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်ရဲတပ်ဖွဲ့၊ မီးရထားရဲတပ်ဖွဲ့၊ မြန်မာ့မီးရထားတို့မှ တာဝန်ရှိသူများသည် တက်ရောက်လာကြသော မီးရထားလမ်းဘေးဝဲ/ယာအနီးရှိ ပြည်သူများ၊ ရပ်ကွက်နေပြည်သူများအား ရထားလမ်းကူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ ရထားအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ သိမှတ်လိုက်နာရမည့် အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-တောင်ငူ-မန္တလေးလမ်းအပိုင်း ပြေးဆွဲနေသော DEMU တွဲဆိုင်းသစ်ရထားများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ရီလမှစတင်၍ လက်ရှိမိုင်နှုန်းထက် ၂ ဆနီးပါးခန့်မြန်နှုန်း တိုးမြှင့်ပြေးဆွဲနေခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)