ခန္တီး မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုတို့ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံနာဂမိစ်ဘာသာစကား အရေး/အပြော သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား/သူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ခန္တီးဒေသသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်သည့်အတွက် နာဂလူမျိုးများ၏အဓိကဘုံစကားဖြစ်သည့် နာဂမိစ်ဘာသာစကားကို ရေးတတ်၊ ပြောတတ်စေရန်၊ နာဂမိစ်ဘာသာစကားတတ်ကျွမ်းခြင်းဖြင့် လူမှုပေါင်းသင်းဆက်ဆံရေးကဏ္ဍများ ကျယ်ပြန့်လာစေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းအိခိုင်က သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်နှင့်ဘောပင်များပေးအပ်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က လက်ခံရယူပြီး သင်တန်းအတွက်ချီးမြှင့်ငွေကျပ် (၁၀၀၀၀၀/-) ကျပ်ကို သင်တန်းသား/သူများက လက်ခံ ရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့်ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ နံရံကပ်စာစောင်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို မတ်လ (၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)