ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောင်းကုန်းမြို့ အ.ထ.က(လှည်းဆိပ်) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်

ကျောင်းကုန်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို မတ် ၅ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်‌သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ် တိုင်းဒေသကြီးပညာရေးမှူးရုံး (စီမံ/ဘဏ္ဍာ) ဦးနိုင်ဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်သစ်သည် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ၊ RCC (၂)ထပ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘက်ဂျက်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၇၁၁.၁၄၄) ဖြင့် Safari Societies(SS)Co;Ltd ကတာဝန်ယူကာတည်ဆောက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)