ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သဘာဝရေထွက်များထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

ဟိုပုံး မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသခံပြည်သူများ သောက်သုံးရေ၊ သုံးရေအဖြစ် အသုံးပြုလျက်ရှိသည့် လုံခုတ်ကျေးရွာအုပ်စု၊ ရေထွက်ကြီး(ပါပန့်)ရေထွက်၊ တိလုံကျေးရွာအုပ်စု၊ ပန်ယခုံကျေးရွာ ထီဆင်းရေထွက်နှင့် တောင်ရပ်ကွက်ရှိ မြို့ဦးရေထွက်တို့တွင် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု သဘာဝရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးကော်မတီအဖွဲ့များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝရေထွက်တော၊ ရေထိန်းတောအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ ရေထွက်ခြင်းကို အထောက်အပံ့ပြုနေသော သစ်တောသစ်ပင်များနှင့်ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ လူသားတို့၏ ရာသီသီးနှံစိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ လူနေအိမ်အဆောက်အအုံများတိုးချဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် လူသားတို့၏ပယောဂကြောင့် သဘာဝရေအရင်းအမြစ်များ ယုတ်လျော့ခြင်း၊ ပျက်စီးခြင်းမှကာကွယ်ရန်၊ သတ္တဝါတို့၏ အနာဂတ် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အရေးကြီးဆုံးသော သဘာဝရေအရင်းအမြစ်များ ထိန်းသိမ်းစေပြီး ရာသီဥတုပြောင်းလဲမှု အနာဂတ်ရေရှားပါးမှုပြဿနာမှ ကြိုတင်ကာကွယ်ရန်  ဒေသခံပြည်သူများအား ပြောကြားပြီး သဘာဝရေထွက်တော၊ ရေထိန်းတောများဖြစ်သည့် သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် သဘာဝရေထွက်တော၊ ရေထိန်းတော ဧရိယာ၊ အမာခံနယ်မြေနှင့် ကြားခံနယ်မြေ ဧရိယာသတ်မှတ်ခြင်း၊ တည်နေရာပြမြေပုံများ၊ ဥပဒေပါတားမြစ်ချက် ဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)