မိုးညှင်းမြို့၌ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး အထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ

မိုးညှင်း မတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးအထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၅ ရက်နေ့နံနက် (၉)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း)ကျောင်း၌ ကျင်းပသည်။

ဦးစွာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးဆိုင်းအောင်က အဖွင့်ဆုတောင်းမေတ္တာပို့သပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဘော်လီဘော အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်း၏ ကျွမ်းကျင်မှု လျှင်မြန်ဖြတ်လက်မှု သက်လုံနှင့် ကြံ့ခိုင်မှုပြည့်ဝဖို့လိုအပ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှတတနှင့် ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သန္တာဦးက ဘော်လီဘောပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်လင်းပြောကြားပြီး အဆိုပါ ဘော်လီဘောပြိုင်ပွဲကို မတ်(၅)ရက်မှ (၇)ရက်အထိ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် (KBC)ဘာသာရေးအဖွဲ့တို့မှ အသင်းစုစုပေါင်း (၈)သင်းတို့က အသင်းပတ်လည်ဖြင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း