စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

စမ်းချောင်း မတ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကျွန်း‌တောဓမ္မာရုံနှင့် မြသိန်းတန်ဓမ္မာရုံတို့တွင် ကျင်းပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတောဓမ္မာရုံ၌ ကျွန်းတော(တောင်) ကျွန်းတော(မြောက်)၊ ကျွန်းတော(လယ်)ရပ်ကွက်များအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်‌ထောက်ပံ့ရေးအဖွဲ့ အဖွဲခေါင်းဆောင်ဥက္ကဋ္ဌ ဦးဘ၀င်းနှင့်အဖွဲ့၀င်များကလည်းကောင်း၊ မြသိန်းတန်ဓမ္မာရုံ၌ စမ်းချောင်း(တောင်)၊ စမ်းချောင်း(မြောက်)၊ သံတံတားရပ်ကွက်များအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးနှင့်အဖွဲ့၀င်များက ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်ရာတွင် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ()လစာ ငွေကျပ်(၆၀၀၀၀)ကို တာ၀န်ရှိသူများက ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)