စဉ့်ကိုင် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား၊ကျောင်းသူ ၁၇၃၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခု ဖွင့်လှစ်၍ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အ.ထ.က(စဉ့်ကိုင်) စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၆၇၇ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၄၁၆ ဦး၊ စုစုပေါင်း ၁၀၉၃ ဦး၊ အ.ထ.က (ပလိပ်) စာစစ်ဌာန၌ ကျောင်းတွင်း ဖြေဆိုမည့်သူ ၁၅၂ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၉၇ ဦး၊ စုစုပေါင်း ၃၄၉ ဦး၊ အ.ထ.က(ဘယ်လင်း) စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၂၄၉ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၄၅ ဦး၊ စုစုပေါင်း ၂၉၄ ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)