ကျုံပျော်မြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်ပွဲပြုလုပ်

ကျုံပျော် မတ် ၆

နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချ၍ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန်၊   ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။

ဦးစွာ အားကစားသမားများက ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုကြပြီး၊ စစ်ကြောင်းမှူးက ဦးဆောင်ကာ အားကစားသင်တန်းသားစာရင်း သတင်းပို့ခြင်းနှင့် အဖွင့်မိန့်ခွန်းတောင်းခံခြင်းအား ဆောင်ရွက်ခဲ့သည်။

ထို့နောက် ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရန်၊ အားကစားနည်းများအလိုက် တတ်သိနားလည်းမှု ရှိစေရန်နှင့် နိုင်ငံတကာအဆင့်မှီ တက်လှမ်းနိုင်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတက်ရောက်သည့် အားကစားနည်းများ အလိုက်ကျွမ်းကျင်တတ်‌မြောက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အားကစားသမားများက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုကြပြီး၊ အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်အား ရွတ်ဆိုကာ သင်တန်းဖွင့်ပွဲအားကျင်းပခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီ‌ဘော၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း(၆)မျိုးပါဝင်ပြီး ၊ မတ်လ  ၆ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်‌ကြောင်း၊  သင်တန်းသား၊ သင်တန်းသူ (၃၅၀) ဦးခန့် တက်ရောက် သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)