ခန္တီးမြို့၌ သက်တမ်းကုန် ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များ‌ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ခန္တီး မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခန္တီးမြို့တွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များတွင် သက်တမ်းကုန်ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များ‌ ရောင်းချမှုမရှိစေရေးအတွက် မတ် ၄ ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့လိုက်လံစစ်‌ဆေးရခြင်းမှာ စားသုံးသူပြည်သူများအား သက်တမ်းကုန်ရက်လွန် အစားအစာ၊ ဆေးဝါးများကြောင့် ဘေးဥပဒ်မဖြစ်စေရန်စစ်ဆေးခြင်းဖြစ်ပြီး Ready Make အသင့်အစားအစာများ၊ ကြာရှည်ခံစည်သွပ်ဘူးများ၊ ‌ဆေးဝါးများအား အဓိကထားစစ်ဆေးခဲ့ကြကာ သက်တမ်းကုန်နေလျင် ရောင်းချမှုမပြုလုပ်ရန် မှာကြားခဲ့ကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)