စစ်ကိုင်း မတ် ၆
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းနည်းပညာတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ယမင်းအောင်က မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး၊ မြို့နယ်အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ထက်အောင်က ဌာန၏လုပ်ဆောင်ချက်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးလှိုင်မိုးအောင်က သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတထိန်းသိမ်းရေးစသည့် အကြောင်းအရာများကို အသီးသီးဟောပြော ဆွေးနွေးခဲ့သည်။
ထိုနောက် မီးခိုးမြူငွေ့လျော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM2.5 အသိပညာပေး Video Clip ကိုပြသခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)