မြောက်ဦးမြို့နယ်အတွင်း ရေလမ်းခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန်  အသက်ကယ်အင်္ကျီ (Life Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရေလမ်းခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန်  အသက်ကယ်အင်္ကျီ (Life Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးကို ယနေ့နံနက် (၁၀) နာရီက မြောက်ဦးမြို့ မော်တော်ဆိပ်တွင် ပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင်   ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့သည်။   

ဓမ္မရာဇကစေတီတော်မြတ်ကြီး ကြေးဂူတိုက် (၄)ခုအတွင်းရှိ ထိုင်တော်မူဆင်းတုတော်(၄)ဆူ ရွှေသင်္ကန်းကပ်လှူပူဇော်မည်၊ ရွှေဆိုင်းတစ်ဆိုင်းလျှင် ၁၄၅,၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ဓမ္မရာဇကစေတီတော်မြတ်ကြီး ကြေးဂူတိုက်(၄)ခုအတွင်းရှိ ထိုင်တော်မူဆင်းတုတော်(၄)ဆူကို ရွှေသင်္ကန်းကပ်လှူပူဇော် နိုင်ရေး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုဦးခိုက်ပူဇော်ခဲ့ကြောင်းသိရသည်။

သံတွဲမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေး အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

သံတွဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရပြုလုပ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် သံတွဲမြို့၊ ရွှေလှေခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ကျန်းမာရေးဌာ နနှင့်ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ရသေ့တောင်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို  ယနေ့နံနက်(၁၁) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထားဝယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းရင်းသားရိုးရာဖက်ရှင်အလှနှင့် ဂီတပဒေသာကပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းရင်းသားရိုးရာဖက်ရှင်အလှနှင့်ဂီတပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့နှင့်ပူးပေါင်း၍ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၁၄ နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to