ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ကျန်းမာရေးဌာ နနှင့်ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်မေယု(အမျိုးသမီးကျန်းမာရေး)က ဩဂုတ်လ၏ ပထမ ရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ် ၅ နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေးရက်သတ္တပတ်အနေဖြင့် သတ်မှတ်ဆောင်ရွက်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်မေယု(အမျိုးသမီးကျန်းမာရေး)က ဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမတို့က ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဖျားနာသူများအား သွေးဖောက်စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်း၊ သံချဆေးနှင့်အားဆေးများ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)