ကလိန်အောင် သြဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ထွန်းတောက်လာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှရေးသားသော သုတ၊ ရသ ကဗျာများကိုလည်း ပိုမိုစိတ်ဝင်စားမှုရှိလာမည်ဖြစ်ပြီး စာကြည့်တိုက်နှင့်လည်း ထိတွေ့ ရင်းနှီးမှုများရှိလာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က(ကလိန်အောင်) ကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား ၊ ကျောင်းသူများက "ညီညွတ်ခြင်းပြယုဂ်" ကဗျာခေါင်းစဥ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)