မင်းလှမြို့နယ်တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တုံတာ​မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဟော‌‌ပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာ‌‌စောင်ပြပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်း ကွန်ပေါင်းဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာနေ့စဉ် ရောင်းချပေးသည့် စားသောက်ကုန်များ ဝယ်ယူသူများပြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များဝယ်ယူ စားသုံးနိုင်ရန်အတွက် နေ့စဉ်ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လာရောက် ဝယ်ယူသူများ ပိုမိုများပြားလာကြောင်း သိရသည်။

နမ့်ဆန်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်း ခွဲ(ထ.ခွဲ.လ-၁)တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် အ-ထ-က၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကဦးစီး၍ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး ဟောပြောခြင်းနှင့် အာဟာရထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား သွားနှင့်ခံတွင်း အထွေထွေကျန်းမာရေး ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများ KG မှ Grade(4) အထိသွားနှင့် ခံတွင်းကုသခြင်းနှင့် Grade (5)မှ Grade (12)အထိ အထွေထွေကျန်းမာရေးစောင့်ရှောက် ကုသစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)တွင် ပြုလုပ်ပေးခဲ့သည်။
Subscribe to