ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ရန်ပုံငွေဖြင့် ဧရာပဒေသာမိုးစပါး(၁၀၀၀)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းသား စပါးတောင်သူ(၂၂၀)ဦးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဧရာပဒေသာမိုးစပါး(၁၀၀၀)ဧက စိုပျိုးထားကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စျေးကွက်ဝင် ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရန် မျှော်လင့်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စျေးကွက်ဝင်ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့် နေကြောင်း သိရသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ သဲကုန်း ဩဂုတ် ၁၁ မြို့နယ်

လိပ်သိုမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့်  ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများကို ဩဂုတ်လ ၉ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ၄ မိုင်ရပ်ကွက်အတွင်းရှိ စိုက်ဧကများအတွင်း ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီနှင့်အဖွဲ့ဝင်များ၊ လက်‌ထောက်ဆရာဝန် ဒေါက်တာ ဖြိုးဟိန်းသူနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မြင်းခြံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် မြင်းခြံ ဩဂုတ် ၁၁ ကျော်စွာ(မြင်းခြံ)
Subscribe to