ရသေ့တောင် ဩဂုတ် ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်(၁၁) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် သူနာပြု ဦးစီးအရာရှိ မာမီဒေါ်ခင်ထားရွှေက အာဟာရဖွံ့ဖြိုးရေး အရေးပါပုံများအား ရှင်းလင်းပြောကြားပြီး အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများက အသက် (၆) လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Vitamin A တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား သံချဆေးတိုက်ကျွေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး အာဟာရလက်ဆောင်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)