မူဆယ်မြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးနှင့်ပက်သက်၍ ကလေးသူငယ်များအား အသိပညာပေးသင်တန်းပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးနှင့်ပက်သက်၍ ကလေးသူငယ်များအား အသိပညာပေးခြင်းကို အ.ထ.က(ခွဲ) မန့်ဝိန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်က လူမှုဝန်ထမ်းဦးစီးဌာနက သင်တန်းပို့ချခဲ့သည်။

ဆယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာန၏ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ

ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်အကောက်ခွန်ဦးစီးဌာန၏ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်း၍ ယမန်နေ့နံနက် (၁၀) အချိန်က မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်၊ နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါသည်။

နမ့်ခမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျသည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သော နမ့်ခမ်း-နမ့်ဖတ်ကာလမ်းအား မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၊ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်(၁၀)ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းတော်မြို့နယ်ရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း အင်းတော်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

လက်ပံတန်းမြို့ ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား အိမ်သုံးပစ္စည်းများ ကူညီထောက်ပံ့

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် နဘဲကွင်းအုပ်စု ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လက်ပံတန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နဘဲကွင်းကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံထူးချွန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရေလွှဲဆည်များအား ကြည့်ရှုစစ်ဆေး

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရေလွှဲဆည်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

လောင်းလုံးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to