သံတွဲမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေး အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

သံတွဲ   ဩဂုတ်   ၁၁

သံတွဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရပြုလုပ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် သံတွဲမြို့၊ ရွှေလှေခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် သံတွဲခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုမြတ်မွန်က စီမံကိန်းသင်တန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် သင်တန်းသူများအားသင်တန်းသုံးပစ္စည်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမြင့်ဇော်က သင်တန်းသူများကိုယ်စား စီမံကိန်းအဖွဲ့ခေါင်းဆောင်ထံသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမှ တာဝန်ခံများ၊ စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်ရေးကော်မတီဝင်များ၊ သင်တန်းသူများ၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

အဆိုပါအခြေခံစက်ချုပ်နည်းပညာသင်တန်းသို့ သင်တန်းသား(၁၀)ဦး တက်ရောက်လျက်ရှိပြီး ဩဂုတ်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့ထိ  (၁)လအကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းပြီးစီးပါက မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို (၁၅)ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် ထူးချွန်သူသင်တန်းသူ (၅)ဦးအား ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ထောက်ပံ့ ပစ္စည်းများပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နေမျိုးအောင်