ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကော့သောင်း ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရီမြိုင်ရပ်ကွက်၊ အ-လ-ကခွဲ(၃)မိုင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်ခြင်းအလေ့ အကျင့်ပြုစုပျိုးထောင်ခြင်း၊ စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများတိုးပွား၍ အမှား၊ အမှန်၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်အသုံးပြုခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများနှင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကျောင်းသား၊သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူများသည် လူသားတို့၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့် စွန့်ပစ်ပစ္စည်းများထွက်ရှိမှုပမာဏများ စသည့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ဝင်တစားဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)