ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ခရိုင်အဆင့်ရှင်းလင်းပွဲ ကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဘားအံမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံ မြို့နယ်၊အ-ထ-က(တရုပ်လှ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ညောင်ရွှေမြို့နယ်အတွင်း အင်းလေးဒေသ နန်းဟူးကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အင်းလေးကန်အတွင်း တွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခြင်းကို ဩဂုတ်(၂၄)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းဟူးကျေးရွာ ဗုဒ္ဓသာသနာထိန်ထိန် လင်းကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်း ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ကလေးသူငယ်အခွင့်ရေးများ ဆိုင်ရာအသိပညာပေး သင်တန်းပို့ချခြင်းကို မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းတည့်  ၁၂ နာရီက ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေး သုတေသနခြံ၌သရုပ်ပြစိုက်ပျိုးခြံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရူ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူသြဂုတ်(၂၃)ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေးသုတေသနခြံ၌ ဖြန့်ဝေပြီး လယ်စပါးမျိုး သရုပ်ပြစိုက်ပျိုးထားမှုနှင့် ကောက်စိုက်စက်ဖြင့် စပါးသရုပ်ပြစိုက်ပျိုးထားမှုကို ကွင်းဆင်းလှည့်လည်ကြည့်ရှုကြရာ တာယောသုတေသနစိုက်ပျိုးရေးခြံ မန်နေဂျာဦးလှဦးမှ ရှင်းလင်းကြောင်း သိရသည်။

လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြု လုပ်သောအပတ်စဉ်ကဗျာ၊ ပန်းချီ၊ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁) နာရီအချိန် အဆိုပါခန်းမ၌ကျင်းပပြုလုပ်ပါသည်။

ရွှေတောင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ သစ်ချိုပင်လမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် လူနေအိမ်(၁)လုံးအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ မြန်အောင်၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ဒေသန္တရ အရပ်ရပ်အစည်းအဝေးကျင်းပ

၁၃၈၅-ခုနှစ်၊ သီတင်းကျွတ်လ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ (၂၁)ဌာနသို့ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ဒေသန္တရအရပ်ရပ်အစည်း အဝေးကို ဩဂုတ်(၂၄)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင် တော်ဦးမြတ်စွာဘုရား ကုန်းတော်မြတ်ရှိ ဗုဒ္ဓသာသနာထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည်။
Subscribe to