ထားဝယ် ဩဂုတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းရင်းသားရိုးရာဖက်ရှင်အလှနှင့်ဂီတပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ကျောင်းသား/သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ရိုးရာယဉ်ကျေးမှုကို အလေးထားမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ အနုပညာကိုချစ်မြတ်နိုးတတ်စေရန် စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် ဆရာ/မများက မြကျွန်းညိုညို သီချင်းဖြင့်လည်းကောင်း၊ ကျောင်းသား/သူများက ထားဝယ်တက္ကသိုလ် သီချင်း ဖြင့်လည်းကောင်းသီဆိုဂုဏ်ပြုခဲ့ကြသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဌာနမှူးများနှင့်ကျောင်းသား/သူများက ဖက်ရှင်ရှိုးအလှ၊ ခေတ်ဟောင်းခေတ်ပေါ်တေးဂီတသီချင်းများ၊ တေးသရုပ်ဖော်များ၊ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးစောမာတင်လူသာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဆုငွေေကျပ်(၅)သိန်းပေးအပ်ရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက လက်ခံရယူပြီး သီဆိုကပြဖျော်ဖြေသူများအား ပါမောက္ခ ဌာနမှူးများနှင့် ကျောင်းသား/သူများဆုငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)