ရွှေတောင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရွှေတောင် သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ သစ်ချိုပင်လမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် လူနေအိမ်(၁)လုံးအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့ လိုက်ပါ၍ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ(၂၁၄၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈) မျိုးပါပုံး(၁)ပုံး၊ မြို့နယ်ကြက်ခြေနီအဖွဲ့မှ Hygiene Kit တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း(၁၉)မျိုးပါ ပုံး(၁)ပုံး၊ အိမ်သုံးပစ္စည်း(၁၂)မျိုးပါ ပုံး(၁) ပုံး၊ အိမ်ဆောက်ပစ္စည်း(၆) မျိုးပါအိတ်(၁)အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)