လဟယ် ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြု လုပ်သောအပတ်စဉ်ကဗျာ၊ ပန်းချီ၊ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁) နာရီအချိန် အဆိုပါခန်းမ၌ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှားဆက်က ပြိုင်ပွဲဝင်ကလေးများကို ပြိုင်ပွဲစည်းကမ်းများနှင့် စာပေဖတ်ရှုရခြင်း အကျိုးကျေးဇူးကို ရှင်းလင်းပြေကြားပြီးပြိုင်ပွဲအားစတင်ပါသည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်ရေးခေါင်းစဉ်ဖြင့် လဟယ်မြို့နယ် ဦးစီးအရာရှိ ဦးရှားဆက်မှ ဟောပြောဆွေးနွေးရာတွင်လူငယ်များ စာဖတ်အလေ့အထရှိစေရန် မိမိတို့ပြည်သူ့ စာကြည့်တိုက်တွင် သုတရသစာပေများအခမဲ့ လာရောက်ဖတ်ရှုနိုင်ကြောင်းပြောကြားပြီး ပုံပြော၊ ကဗျာရွတ်ဆို၊ စိတ်ကြိုက်ပန်းချီ နှင့်ဆေးရောင်ခြယ်၊ ပြိုင်ပွဲတို့တွင်မူလတန်း အဆင့် ကျောင်းသား/ သူများနှင့် အလယ်တန်းအဆင့်ကျောသား/သူ စုစုပေါင်း(၇၃)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအလိုက်ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ ရွေးချယ်ပြီးဆုများကို ချီးမြှင့်ပေးအပ်ကာ ကလေးသူငယ်ကြိုက် စာအုပ်စာစောင်ပြပွဲကိုလည်း ဆက်လက်ခင်း ကျင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။
လဟယ်(ပြန်/ဆက်)