(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ မြန်အောင်၌ကျင်းပ

မြန်အောင် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ​ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အခမ်းအနားပြင်ဆင်ရေး၊ လျှပ်စစ်မီးနှင့် ရေလုံလောက်စွာရရှိရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ အကဲဖြတ်အမှတ်ပေးရေး၊ လုံခြုံရေး၊ ပြန်ကြားရေးနှင့်သတင်းမှတ်တမ်းရယူရေး၊ ကျန်းမာရေးနှင့်ဆုချီးမြှင့်ရေးလုပ်ငန်း ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မြန်အောင်ခရိုင် (၂၄)ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ သို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ​ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဥ်ယဥ်မာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဆို၊ အက၊ အရေး၊ အတီးပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)