ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေး သုတေသနခြံ၌သရုပ်ပြစိုက်ပျိုးခြံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရူ

ရွှေညောင် သြဂုတ် ၂၅

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူသြဂုတ်(၂၃)ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေးသုတေသနခြံ၌ ဖြန့်ဝေပြီး လယ်စပါးမျိုး သရုပ်ပြစိုက်ပျိုးထားမှုနှင့် ကောက်စိုက်စက်ဖြင့် စပါးသရုပ်ပြစိုက်ပျိုးထားမှုကို ကွင်းဆင်းလှည့်လည်ကြည့်ရှုကြရာ တာယောသုတေသနစိုက်ပျိုးရေးခြံ မန်နေဂျာဦးလှဦးမှ ရှင်းလင်းကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် MSME အသေးစားအလတ်စား၊ အငယ်စားလုပ်ငန်းဖြစ်သော ရွှေစင်အဆင့်မြင့်နှင့် ဂျိန်းဖောရတနာ တန်(၁၅၀)ကျ ဆန်စက်အား သွားရောက်ကြည့်ရှုကြရာ ဆန်စက်လုပ်ငန်းရှင်မှ လိုက်လံရှင်းလင်းကြောင်းနှင့် အဆိုပါဆန်စက်မှ ဒေသထွက်စပါးများကိုကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲနုကြမ်းတို့ကို ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်းသိရပြီး ဆန်စက်ကိုလည်း သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့၊ ကတ်မကျေးရွာအုပ်စု၊ နောင်ဟောင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဂျိတ်နီဆိတ်မျိုး အထီး(၅)ကောင်၊ အမ(၅၀)ကောင်အား ကျေးရွာကော်မတီသို့လွဲ ပြောင်းပေးအပ်ပွဲသို့ တက်ရောက်၍ ကျေးရွာကော်မတီများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဂျိတ်နီဆိတ်မျိုးပေးအပ်ရာ ဒေသခံကျေးရွာကော်မတီများမှ လက်ခံရယူကြသည်။

ရှမ်းပြည်နယ် အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးအောင်မြင်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စေရန်နှင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စွာ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ပါကြောင်း၊ နောင်ဟာကျေးရွာသည် ဆိတ်မွေးမြူရေး ဖွံ့ဖြိုးအောင်မြင်နိုင်သည့် ရေမြေသဘာဝများ ရှိသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ဆိတ်(၅၅)ကောင်ကို တစ်ယူနှစ်လျှင် အထီး (၁) ကောင်၊ အမ(၁၀)ကောင်နှုန်းဖြင့် (၅)ဦးအား ယခုလို ရွေးချယ်ဖြန့်ဖြူပေးကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ အရှေ့မဲခေါင် အသားတိုးဝက်(၈၀၀)ကောင် မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုပြီး ဝမ်မိုင်ကျေးရွာ၊ မိုင်းလပ်ကျေးရွာအုပ်စုတွင် ခန်လွန်ကုမ္ပဏီလီမိတက်မှ ဒေထွက်လက်ဖက်ခြောက်များကို တန်ဖိုးမြင့်ထုတ်လုပ်နေမှုကိုသွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ လက်ဖက်ခြောက် ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းကြောင်း သိရသည်။

အဆိုပါ ဒေသထွက်လက်ဖက်ခြောက်များကို တန်ဖိုးမြင့် ထုတ်လုပ်ရာတွင် ကျိုင်းတုံရှိ တောင်ပေါ်ထွက်ကုန်ကြမ်းများ ဝယ်ယူထုတ်လုပ်၍ လက်ဖက်ခြောက်များကို ပန်ဝိုင်၊ ဖားငင်၊ ဝမ်ဆိုင်း လက်ဖက်ခြောက်၊ အမျိုးအစားခွဲခြား ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)