မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် Grade-9 ကျောင်းသူ၊ ကျောင်းသားများက ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ့ထိန်က စနစ်သစ်ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ ဆောင်ရွက်လိုက်နာရမည့် အချက်များကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။