နတ်တလင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်း ပို့ချ

နတ်တလင်း    ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ကလေးသူငယ်အခွင့်ရေးများ ဆိုင်ရာအသိပညာပေး သင်တန်းပို့ချခြင်းကို မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းတည့်  ၁၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်မှ သက်ငယ်မုဒိန်းမှုအကြောင်းအသိ ပညာပေးပို့ချခြင်း၊ လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကိုကိုမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ဥပဒေအကြောင်း အရာများကို ဆွေးနွေးပို့ချခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း အရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသား/သူလေးများအား သာယာဝတီခရိုင်လူမှုဝန်ထမ်းဦး စီးဌာနမှဦးစီးမှူးဒေါ်မို့မို့အေးမှ မေးခွန်းများ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကာဆုလက်ဆောင် များချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသည်။

ဝေယံဖြိုး(ပြန်/ဆက်)