ညောင်ရွှေမြို့နယ်အတွင်း အင်းလေးဒေသ နန်းဟူးကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၂၄

အင်းလေးကန်အတွင်း တွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံခြင်းကို ဩဂုတ်(၂၄)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ နန်းဟူးကျေးရွာ ဗုဒ္ဓသာသနာထိန်ထိန် လင်းကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်က အမှစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက မိမိတို့ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီးနောက် လိုက်ပါလာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးကိစ္စရပ်များကို မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ