မန္တလေး ဩဂုတ် ၂၅
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး လူငယ်သင်တန်းကျာင်း ကျောင်းအုပ်ကြီး ဦးအေးကျော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းတို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ရှင်းလင်းကြသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ကော်မတီဝင်များ၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ကြသည်။
မြင့်မော်ထွန်း