မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၁၀)နာရီက လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှအေးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ဇေယျဝတီမြို့ပေါ် အခြေခံပညာကျောင်းများ ကျောင်းသား/သူများအား အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉:၃၀)အချိန်က ကျောင်းသားလူငယ်များ ကျန်းမာရေး အသိရှိစေရန်နှင့် ကာကွယ်တက်စေရန် ရည်ရွယ်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့သည်။

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတ ရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေး ဟောပြေ

မိုးညိုမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူး‌ပေါင်းဆောင်ရွက်သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ် ဧကရာဒ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။    

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာ သင်တန်းဖွင့်လှစ်   

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာ အပ်ချုပ်စက်နည်းပညာသင်တန်းကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်ရန်နှင့်အသိပညာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်း အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၇) စက်မှုလယ်ယာစခန်း၌ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးထွန်ယက်ရာတွင် တွင်ကျယ်စွာ အသုံးပြုနိုင်စေရန်အတွက်ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်း အခြေခံသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Subscribe to