ဖြူးမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်း အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေး

ဖြူး သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၇) စက်မှုလယ်ယာစခန်း၌ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးထွန်ယက်ရာတွင် တွင်ကျယ်စွာ အသုံးပြုနိုင်စေရန်အတွက်ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်း အခြေခံသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဦးစီးမှူး ဦးလင်းနောင်ဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀) ဦး တက်ရောက်ပြီး သင်တန်းကာလ (၁၄-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိထွန်စက်မောင်းနှင်​ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ခြင်း၊ ကောက်စိုက်စက်မောင်းနှင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)