မိုင်းတုံမြို့နယ်၌ အသိပညာပေး​​ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းကစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖာချယ်မူလွန်ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများအားဖယ်ရှား

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒဿမ(၅)နှင့် မိုင်တိုင်(၁၅၁)ကြားတွင် မြေပြို၍လမ်းပိတ်ခဲ့သည့်နေရာများအား ဖယ်ရှားရှင်းလင်းခဲ့ပြီး ယမန်နေ့ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါနေရာ(၂)ခုကြားတွင် ပိတ်မိနေသောကားများအား မြဝတီဘက်သို့ ပြန်လည်စေလွတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း G–12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ အုန်းတောကြီးတောင် IDP စခန်းတွင်နေထိုင်သူများအတွက် တည်ဆောက်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ Grade– 12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး စစ်တွေမြို့နယ်၊ အုန်းတောကြီးတောင် IDP စခန်းတွင်နေထိုင်ကြသူများအတွက် တည်ဆောက်ရေးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။

မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ ကျောက်ဆည် ဩဂုတ် ၁၆ အောင်ပိုင်ပိုင်ကျော်

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။

ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေမျောနစ်မြုပ်သူများအနက် သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိထား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မန‌မှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေပြိုကျခဲ့မှုကြောင့် ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်‌ဆုံးနေသော ရေမဆေးကျောက်ရှာဖွေသူများအနက် ယနေ့ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၃၂ လောင်းအထိ ဆယ်ယူထားပြီဖြစ်ကြောင်း သိရသည်။
Subscribe to