၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့‌ရှိ ရပ်ကွက်များအတွင်း နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း စုစုပေါင်း(၃၃)လမ်း  (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ကွက်နေပြည်သူများ အဆင့်အတန်းမှီစွာ နေထိုင်ရေးနှင့် နွေ၊မိုး၊ဆောင်း ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့‌ရှိ ရပ်ကွက်များအတွင်း နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ

တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘာဇခန်းမ၌ ကျင်းပ သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊  ဌာနဆိုင်ရာများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်၌ Quick Win အစီအမံ (၅)ရပ်အား တိကျစွာလိုက်နာ​ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ Quick Win အစီအမံ(၅)ရပ်အား တိကျစွာလိုက်နာစေရေးအတွက် အသိပညာပေးခြင်းများ ကို ယမန်နေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများနှင့် သီရိရတနာဈေးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန် အောင်မင်္ဂလာ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်၌ "လူငယ်စကားဝိုင်း" ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗန္ဓုလဆောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "လူငယ်စကားဝိုင်း" ကျင်းပခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေး ရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည်များနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများ၊ ဆရာ ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က ( ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ်၌ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်ကာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း သီးနှံအခြေခံ ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့် ပွဲကျင်းပ

မန္တလေးတိုင်ဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းဖြင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်ကာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း သီးနှံအခြေခံ(ဝိုင်၊ဖျော်ရည်၊ယို၊ဂျယ်လီ အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာ သစ္စာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to