သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားကျောင်းသူများ အသိပညာမြင့်မားရေး ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲခြင်းနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင်ဘီးလင်းမြစ်ရေဖုံးလွှမ်း မှုကြောင့် မိုးစပါး (၄၉၇၅၇)ဧက ရေနစ်မြုပ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ် သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေဖုံးလွှမ်းမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း (၄၉၇၅၇) ဧက ရေနစ်မြုပ်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့်သိရှိပြီး အမှိုက်စိုနှင့အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာ‌ရေးကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

uab ဘဏ်၏ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့အား ကြိုဆိုသောအားဖြင့် ပြင်ဦးလွင်ဘဏ်ခွဲတွင် “ ဖေးမလို့ကူ ဒို့ပြည်သူ “ အစီအစဉ်ဖြင့် ပြည်သူများအား ဆန်လှူဒါန်းပွဲကျင်းပ

uab ဘဏ်၏ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့အား ကြိုဆိုသောအားဖြင့် ပြင်ဦးလွင်ဘဏ်ခွဲတွင် “ ဖေးမလို့ကူ ဒို့ပြည်သူ “ အစီအစဉ်ဖြင့် ပြည်သူများအား ဆန်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဘဏ်ခွဲ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ရေလမ်းကြောင်းသွား ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ (Life Jackets) စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများ ကို ရေလမ်းခရီးအန္တရာယ် ကင်းရှင်းစေရန်အတွက် ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မ ဆိပ်ကမ်း၌ အသက်ကယ်အင်္ကျီ (Life Jackets) စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး ဆောင်ရွက်သည်။        

ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ခရမ်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြာပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာရှိ အထက်တန်းကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းဝေးစေ‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား အသိပညာဗဟုသုတရရှိရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှတို့မှတာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) စျေးရပ်ကွက် ဇာဒီမော်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်နေ ပြည် သူများအားအသိပညာဗဟု သုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ယနေ့နံနက်(၁၀)နာရီက အထကကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟိုပန်၌ နမ့်ဆွမ်ချောင်းရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ ထောက်ပံ့

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့က နမ့်ဆွမ်ချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to