သာကေတမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

သာကေတ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉:၃၀)အချိန်က ကျောင်းသားလူငယ်များ ကျန်းမာရေး အသိရှိစေရန်နှင့် ကာကွယ်တက်စေရန် ရည်ရွယ်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအဆင့် (၁) ဒေါ်မြတ်မျိုးမြင့်မှ” အမျိုးသမီးများ ဘဝလှပဖို့ ကာကွယ်ကြစို့ ”ခေါင်းစဥ်ဖြင့် အရွယ်ရောက်သည့် အမျိုးသမီးများ ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ သိထားသင့်သည့် အချက်များအား ဟောပြောခဲ့ပြီး ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိက ပြန်လှန်ဖြေကြားပေးခဲ့ပြီး ဟောပြောပွဲကို ရုပ်သိမ်းခဲ့​သည်။

သာကေတမြို့နယ်ရှိ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)