သာကေတ သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတ ရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေး ဟောပြောခြင်း၊သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊စာပေများ ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့် စာများကိုပြန်လည်မေးမြန်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး၊ အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မှုခင်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ဆက်)