ဖြူးမြို့နယ် ဇေယျဝတီမြို့ပေါ် အခြေခံပညာကျောင်းများ ကျောင်းသား/သူများအား အသိပညာပေး ဟောပြော

ဖြူး သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက  စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ​မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူ အခွင့်အရေးဆိုင်ရာများ၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ၊ ကုန်အညွှန်း အမှတ်အသားများ အကြောင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများအကြောင်းတို့ကို အသိပညာပေး ဟောပြောကြကြောင်းနှင့် မူးယစ်ဆေးဝါး အမျိုးမျိုး၊ မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များကို ပြသပေးရာ ကျောင်းသား/သူ (၃၁၀)ဦးခန့်မှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)