တောင်ငူ သြဂုတ် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၁) စာရေးဆရာ ကေတုမောင်ညိုလင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၁) စာရေးဆရာ ကေတုမောင်ညိုလင်းက “ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) နာယက (၂) ဦးမြသိန်းက “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) ဥက္ကဋ္ဌ မောင်ယဥ်ထွေး(တက္ကသိုလ်) က “ပညာရေးအစ စာအုပ်များဖြင့် အစပြု” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးချစ်ကိုကိုက “ လူငယ်နှင့်အမြင်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးသန့်စင်က “မှားမှာမကြောက်ပါနဲ့” ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ (Grade - 9) ကျောင်းသား ကျောင်းသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက(၁) စာရေးဆရာ ကေတုမောင်ညိုလင်း က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် (၉/၂၀၂၃) လတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “စာကောင်းပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
တောင်ငူခရိုင် (ပြန်/ဆက်)