ရေတာရှည်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူ သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ် (၄၈) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာ အစိတ်အပိုင်းများတပ်ဆင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စနစ်တကျမောင်းနှင်ခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်ကာ ထိရောက်အောင်မြင်စွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ ) တောင်သူသင်တန်းအား အခမဲ့ဖွင့်လှစ်ပေးခဲ့သည်။

ပိုင်ကျုံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ်မှ စားနပ်ရိက္ခာများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစေရန်အတွက် စားနပ်ရိက္ခာများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတို့က ဩဂုတ် ၁၂ ရက်တွင် ထောက်ပံ့ပေးအပ်သည်။

လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို အ.လ.က (ခွဲ) ထိန်ငူကျောင်းတွင် ကျင်းပ

လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ထိန်ငူကျေးရွာ အ.လ.က(ခွဲ)ထိန်ငူကျောင်း၌ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ငပုတောမြို့နယ် ဖိုးရွှေလှော်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊​ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းညိုကမ္ဘာလာအုပ်စု၊ ဖိုးရွှေလှော် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုင်းရယ်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက် ကွင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီဌာနမှ တာဝန်ရှိသူများနှင့် မိုင်းရယ်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကျေးရွာများရှိ စိုက်ပျိုးရေးမြေပြင်များအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အုတ်ဖိုမြို့၌ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်ဖြင့် မကွေးမြို့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေး‌နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေး အစီအစဉ်ဖြင့် မကွေးမြို့ခုတင်(၅၀၀)ဆံ့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to