၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့‌ရှိ ရပ်ကွက်များအတွင်း နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း စုစုပေါင်း(၃၃)လမ်း  (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

မုံရွာ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ကွက်နေပြည်သူများ အဆင့်အတန်းမှီစွာ နေထိုင်ရေးနှင့် နွေ၊မိုး၊ဆောင်း ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့‌ရှိ ရပ်ကွက်များအတွင်း နိုင်လွန်ကတ္တရာလမ်း၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိရာ ယမန္နေ့အချိန်အထိ စုစုပေါင်း(၃၃)လမ်း လမ်းအရှည်(၁၃)မိုင်၊(၅.၇၄)ဖာလုံ ရာခိုင်နှုန်းအားဖြင့် (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့‌ရှိ ရပ်ကွက်များအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းဆောင်ရွက်မှုအခြေအနေဖြင့် ရပ်ကွက်များအတွင်းရှိ စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း (၂၆)လမ်း လမ်းအရှည်(၁၁)မိုင်၊ (၄.၃၀)ဖာလုံဆောင်ရွက်ရာတွင် (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီး လမ်းပေါင်း(၂၂)လမ်း လမ်းအရှည် (၉)မိုင်၊(၀.၉၂)ဖာလုံရှိကြောင်း၊ ကတ္တရာလမ်း(၇)လမ်း လမ်းအရှည် (၂)မိုင်၊ (၀.၃၉)ဖာလုံ ဆောင်ရွက်ရာတွင် (၈၄)ရာခိုင်နှုန်းဆောင်ရွက်ပြီး လမ်းပေါင်း(၂)လမ်း၊ လမ်းအရှည်(၀)မိုင်၊ (၅.၂၅)ဖာလုံရှိကြောင်း နှင့် ကွန်ကရစ်လမ်း(၃)လမ်း၊ လမ်းအရှည်(၀)မိုင်၊ (၄.၃၃)ဖာလုံ ဆောင်ရွက်ရာတွင် (၆၀)ရာခိုင်နှုန်းဆောင်ရွက်ပြီး ပေါင်းလမ်း(၉)လမ်း လမ်းအရှည်(၃)မိုင်၊ (၇.၅)ဖာလုံရှိကြောင်း၊ စုစုပေါင်း လမ်း(၃၆)လမ်း၊ လမ်းအရှည်(၁၄)မိုင်၊ (၁.၀၂)ဖာလုံဆောင်ရွက်ရာတွင် ယနေ့အထိ ပြီးစီးမှုအနေဖြင့်  စုစုပေါင်းလမ်း(၃၃)လမ်း၊ လမ်းအရှည်(၁၃)မိုင်၊(၅.၇၄)ဖာလုံ ရာခိုင်နှုန်းအားဖြင့် (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)