ကျိုက်မရော မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အ.မ.က ဘိန်းဗျော ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အ.ထ.က (မြို့သစ်) ၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁နာရီက အ.ထ.က (မြို့သစ်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီက Community Centre ခန်းမတွင် စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

သံတောင်ကြီးဒေသတွင် ယခုနှစ် လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် လက်ဖက်စိုက်ပျိုးချိန်ဖြစ်သည့် ဩဂုတ်လတွင် ဒေသခံတောင်သူများမှာမိမိတို့ ဥယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။

ကျုံပျော်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ၊ ပျဉ်းကတိုးကုန်းကျေးရွာ ၊  ဓမ္မာရုံအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြခြင်းကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။

စပါးရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၌ ‌စပါးရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အဆိုပါစက်မှုလယ်ယာဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။   
Subscribe to